Acid ဆိုတာ ☠️ ဗီလိန်မဟုတ်ပါဘူး။
Acid” ဆိုတာကို ကြားလိုက်တာနဲ့ အသားအရေကို ပျက်စီးစေနိုင်တဲ့ ဓာတုဆေးဝါးတွေလိုပဲ ထင်မိကြတာ များပါတယ်။
ဒါပေမဲ့ အရေပြားကို ကျန်းမာကောင်းမွန်စေတဲ့ Acid တွေလည်း အများကြီးရှိပါတယ်။ ဥပမာ – Malic Acid ဆိုရင် ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်။ Hyaluronic Acid က အသားအရေကို ပိုစိုပြေစေတယ်။😌 မှန်မှန်ကန်ကန်သုံးတတ်ရင် အရမ်း Powerful ဖြစ်ပြီး အရေပြားအတွက်ကောင်းကျိုးတကယ်ပြုတယ်နော်။
Acid ဆိုတာ Natural / Synthetic Sources တွေကရတဲ့ Active Ingredients တွေမို သူတိုရဲ့ Type & Concentration အပေါ်မူတည်ပြီး 🤗 Exfoliating လုပ်တယ်၊ Skin Renewal ဖြစ်စေတယ်၊ Hydrating ပေးတယ်….စသဖြင့်ပေါ့။
AHAs ,BHAs, PHAs , Fatty Acids တွေသာမက Hyaluronic Acid ကလည်း Acid ပါပဲ။ ဆဲလ်သေစုပြီး ညစ်မည်းခြင်း၊ အသားအရောင် မညီမညာခြင်း၊ အမည်းစက်၊ အမည်းကွက်ထွက်ခြင်း၊ ကြာဆူး/ ဝက်ခြံထွက်ခြင်း၊ အသားခြောက်သွေ့ခြင်းတွေလို အသားအရေပြဿနာတွေအများကြီးကို သက်သာစေတယ်လေ။🤩
Acids စသုံးတဲ့အခါ လိုက်နာရမှာတွေကတော့ –
☑️ Patch test လုပ်ပါ
☑️ ဖြေးဖြေးချင်း စသုံးပါ။
☑️ အစိုဓါတ်ပြန်ဖြည့်ပါ။
☑️ နေပူထဲမထွက်ခင် Sunscreen လိမ်းပါ။
☑️ အမျိုးမျိုး ရောမသုံးပါနဲ့။ တစ်ခါတည်း အများကြီး မသုံးပါနဲ့။
ဒီလို စနစ်တကျသုံးတတ်ရင် Acid ဆိုတာ သူငယ်ချင်းတွေပါ။
အပတ်စဥ် စနေနေ့ည (8) နာရီတိုင်းမှာ တင်ဆက်ပေးနေကြဖြစ်တဲ့ Saturday Chit Chat အစီအစဥ်မှာ အဖြစ်များတဲ့ အသားအရေပြဿနာလေးဖြေရှင်းနည်း၊ ဆောင်ရန်၊ရှောင်ရန်၊ သတိမထားမိတဲ့ အမှားလေးတွေနဲ့အတူ ဂရုစိုက်စရာ Skincare Knowledge တွေကို မျှဝေပေးနေပါတယ်။

250g Arbutin Body Conditioner
Darkfix