အသားဖြူချင်ရင် ဒီအချက်တွေကို ရှောင်ပါ။
‼️ အသားဖြူစေတာတွေ မျိုးစုံလျှောက်မသုံးပါနဲ့နော်။ ရှိသမျှ Body Care ( Showergel / Scrub / Lotion/ Body Oil, Body Serum, Sunscreen…) အကုန် Whitening & Brightening အာနိသင်ရနေစရာမလိုပါဘူးနော်။ “ဆရာများသားသေ”ဆိုသလို အကုန်ဟုန်သွားပါလိမ့်မယ်။ Hydration, Moisture, Whitening, Brightening ကို အသားအရေအပေါ်၊ ပစ္စည်းအပေါ်မူတည်ပြီး သုံးပေးပါ။ ဥပမာ – Showergel လို ရေဆေးချရတာမျိုးဆို အသားမခြောက်ရင် ရပါပြီ။
‼️တစ်ခုဆို တစ်ခု စွဲစွဲမြဲမြဲမသုံးတာ လုံးဝကို မှားပါတယ်။ အသားအရေဆိုတာ အနည်းဆုံး တစ်လ၊ အကောင်းဆုံး သုံးလေးလလောက် စွဲသုံးမှ သိသာတာပါ။ တစ်ပတ်လောက်သုံးလိုက်၊ ပစ်ထားလိုက်၊ ထပ်သုံးလိုက်ဆိုရင် ကမ္ဘာ့အကောင်းဆုံးဆိုတာကို သုံးတောင် ရလဒ်သိသာမှာမဟုတ်ပါဘူး။
‼️ Exfoliation မလုပ်ရင် အမြဲပြောသလို ဖုန်ပေနေတဲ့ နံရံကို ဆေးသုတ်သလိုပါပဲ။ ပိုထိရောက်အောင် Scrub တစ်ပတ် နှစ်ခါလောက် တိုက်ပေးပါ။
‼️ Exfoliation အလုပ်လွန်တာကလည်း အမှားပါပဲ။ အရေပြားကို ထိခိုက်လွယ်စေပြီး အသားခြောက်လာမှာပါ။ ဒီတော့ ဖြူဖိုခက်သွားပါပြီ။ ရေဓါတ်မဖြည့်ရင်လည်း ဖြူတောင် ခြောက်ခြောက်ကြီးဖြစ်မှာမို ရေဓါတ်ပြည့်အောင်ပါ ဂရုစိုက်ပါ။
‼️ ချက်ချင်းလည်း မဖြူချင်ပါနဲ့နော်။🥹 Chemical အပြင်းစားတွေပါတာ သုံးရင်တော့ ချက်ချင်းဖြူလာနိုင်ပါတယ်။ အသားအရေကတော့ ပျက်စီးမှာပါ။🌚 စိတ်ချရတဲ့ Ingredients တွေပါတဲ့ Products တွေကတော့ အချိန်ယူပြီး သုံးပေးရပါတယ်။ ဒါမှ တစ်ဆင့်ချင်းစီ ပြောင်းလဲလာမှာပါနော်။❤️
‼️ Sunscreen မလိမ်းရင်လည်း အလကားပါပဲ။ တစ်သက်လုံးဥထားသမျှက နေနှစ်နာရီလောက် လောင်လိုက်တာနဲ့ ပလုံပါပဲနော်။😬
‼️ ရေများများသောက်တာ၊ ဆေးလိပ်/အရက်ရှောင်တာ၊ အသီးအနှံ၊ အရွက်များများစားတာ၊ အိပ်ချိန်မှန်တာလို Lifestyle ကို ဂရုမစိုက်ရင်လည်း တကယ့်ကျန်းမာဖြူဝင်းတဲ့ အသားအရေမရပါဘူးရှင်။
‼️ အသားပေါ် သံပုရာသီးခြမ်းနဲ့ ဆား၊သကြား ဒဲ့ပွတ်တာလို DIY နည်းတွေ သုံးတာမျိုးလည်း ဖြစ်နိုင်ရင် မလုပ်ပါနဲ့နော်။ Skin pH Level ကို ထိခိုက်စေပြီး ကြာရင် အသားအရေပျက်စီးစေနိုင်ပါတယ်။
အပတ်စဥ် စနေနေ့ည (8) နာရီတိုင်းမှာ တင်ဆက်ပေးနေကြဖြစ်တဲ့ Saturday Chit Chat အစီအစဥ်လေးကို တစ်မျိုးပြောင်းပြီး တင်ဆက်နေတာမို Like, Comment, Share တွေနဲ့ ဝန်းရံပေးကြပါဦးရှင့်။

250g Arbutin Body Conditioner
Darkfix